Home
ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိ
ပတ္တမြားရိပ်သာ ပေါ်ပေါက်လာပုံ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း
တရားစခန်း အစီအစဉ်
တရားတော်များ နာယူရန်
နောက်ဆုံးခန္ဓာ ရက်တစ်ရာ
ဆက်သွယ်ရန်
တရားတော်များကို
ဒီနေရာမှာ
နာယူပါ။
ဓမ္မစကား
( ဓမ္မစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက်သိဥာဏ်ထက်၏ )
မိမိစိတ်ကို မိမိဆုံးမနေဖို့ပဲလိုတယ်။ မိမိစိတ်ကိုမိမိ ဆုံးမနေတဲ့ ပုဂ္ဂိုဟ်ဟာ မိမိကိုယ်မိမိစောင့်ရှောက်နေသလို လောကကြီးကိုလည်း စောင့်ရှောက်ပြီးသားလည်း ဖြစ်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ရှူ ၊ သူများအပြစ် သွားရှူမနေနဲ့ ။ သူများအပြစ် သွားရှူနေတော့ အမှုပွေတာပေါ့။ သူများအပြစ်မြင်နေရင် ပုထုဇဉ် ၊ ကိုယ်အပြစ်မြင်မှ အရိယာ ။
တရားအားထုတ်ဖို့တော့ မအားဘူး ၊ မအားဘူးလို့ ပြောကြတယ်။ သေချိန်ကျလာလို့မသေချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး ။
တရားအားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ ထုတ်ရတယ်။ မသေချာ ၊ မရေရာတဲ့ အလုပ်တွေတောင်မှ ဟုတ်နိုးနိုး တော်နိုးနိုး နဲ့ သက်စွန့်ဆံဖျား လုပ်နေရတာပဲ ။ သေချာရေရာတဲ့အလုပ် ၊ ဘာမလုပ်ရဲစရာရှိလဲ ၊ ဆင်းရဲ တစ်ဘ၀ပေါ့။