ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော်
------လင်္ကာဆောင်ပုဒ်------
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်
သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ် သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်ဆယ်ကို။ အလွယ်ကျက်မှတ်၊
သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။
လင်္ကာဆောင်ပုဒ် အဖြေ
|
၁။ မူလနှစ်ဖြာ
|
…. ….
|
အ၀ိဇ္ဇာနှင့် တဏှာ။ |
|
၂။သစ္စာနှစ်ခု |
…. ….
|
သမုဒယသစ္စာ - ဒုက္ခသစ္စာ။ |
|
၃။လေးခုအလွှာ
|
…. ….
|
အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။
ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
|
|
၎။အင်္ဂါတစ်ဆယ့်နှစ်ပါး |
…. ….
|
အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ
, ဇရာ မရဏ။
|
|
၅။သုံးပါးအစပ်
|
…. ….
|
သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။
|
|
၆။ဝဋ်သုံးဝနှင့်
|
…. ….
|
>>ကိလေသ၀ဋ် (၃)ပါး - အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
>>ကမ္မ၀ဋ် (၂)ပါး- သင်္ခါရနှင့် ကမ္မဘဝ
>>၀ိပါက၀ဋ် (၈)ပါး-, ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ,
ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘ၀)
|
|
၇။ကာလသုံးဖြာ |
…. ….
|
>>လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
>>ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ - ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်
, ကမ္မဘဝ
>>နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ- ဇာတိ , ဇရာမရဏ။
|
|
၈။ခြင်းရာနှစ်ဆယ်
|
…. ….
|
>>အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
>>ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး - ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ
|
အ၀ိဇ္ဖာနှင့် တဏှာ ရင်းခံ၊ ဥပါဒါန်၊ကံကြောင့်ရုပ်နာမ်ပေါ်အပင်မှမျိုး ၊မျိုးမှအပင်၊ အမျှင်မပြတ်၊
ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်ဖြစ်ပြန်နည်းအလျှော်၊ ဗြဟ္မာ-သိကြားစသည်များက
ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု
မဟုတ်ဟုညဏ်ဖြင့် ရှု၍မျှော်။
ခန္ခာ (၅ )ပါး
|
ရုပ်တရား |
၁။ရူပက္ခန္ဓာ |
... |
ဖောက်ပြန်တတ်သော သဘောအစု |
သဘောအစု |
ဖြစ်-ပျက်မှု။ |
|
နာမ်တရား |
၂။ဝေဒနက္ခန္ဓာ |
... |
ခံစားတတ်သော သဘောအစု |
သဘောအစု |
ဖြစ်-ပျက်မှု။ |
|
|
၃။သညာက္ခန္ဓာ |
... |
မှတ်သားတတ်သော သဘောအစု |
သဘောအစု |
ဖြစ်-ပျက်မှု။ |
|
|
၎။သင်္ခါရက္ခန္ဓာ |
... |
ပြုပြင်တတ်သော သဘောအစု |
သဘောအစု |
ဖြစ်-ပျက်မှု။ |
|
|
၅။ဝိညာဏက္ခန္ဓာ |
... |
သိတတ်သော သဘောအစု |
သဘောအစု |
ဖြစ်-ပျက်မှု။ |
|
|
အာယတနာ(၁၂)ပါး |
|
|
|
အခံဓာတ်(၆)ပါး
|
အတိုက်ဓာတ်(၆)ပါး
|
အပွင့်ဓာတ်(၆)ပါး |
ဓာတ်(၁၈)ပါး
|
၁။မျက်စိအကြည်
၂။နားအကြည်
၃။နှာခေါင်းအကြည်
၎။လျှာအကြည်
၅။ကိုယ်အကြည်
၆ ၊စိတ်(ဘ၀င်စိတ်) |
၁။အဆင်း
၂။အသံ
၃။အနံ
၎။အရသာ
၅။တွေ့ထိစရာ
၆။ကြံတွေးစရာ |
၁။မြင်စိတ်
၂။ကြားစိတ်
၃။နံစိတ်
၎။စားစိတ်
၅။ယားနာကောင်းစိတ်
၆။တွေးတောစိတ် |
|
သစ္စာ(၄)ပါး |
ဒုက္ခသစ္စာ
|
ဆင်းရဲခြင်းအမှန်တရား၊ ဖြစ်ဒုက္ခ-ပျက်ဒုက္ခပိုင်းခြားသိရမည့်တရား။
|
|
သမုဒယသစ္စာ |
ဒုက္ခဖြစ်ကြောင်းအမှန်တရား၊(တဏှာ-လောဘ)ပယ်ရမည့်တရား။ |
|
နိရောဓသစ္စာ |
ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန်(နိဗ္ဗာန်)မျက်မှောက်ပြုရမည့်တရာ။ |
|
မဂ္ဂသစ္စာ |
ဒုက္ခသစ္စာ၏ ချုပ်ကြောင်း၊ သမုဒယသစ္စာကိုပယ်ကြောင်း။
နိရောဓသစ္စာကို မျက်မှောက်ပြုကြောင်း
အကျင့်အမှန်တရား(မဂ္ဂင်၈ပါး)ပွားများရမည့်တရား။ |
|
လောကီးမဂ္ဂင်(၅)ပါး ရှုညဏ်တရား |
သမ္မဒီဋ္ဌိ
|
သမ္မာသင်္ကပ္ပ
|
|
ပညာမဂ္ဂင် (၂)ပါး
|
|
သမ္မာဝါယာမ |
သမ္မာသတိ
|
သမ္မာသမာဓိ
|
သမာဓိမဂ္ဂင်(၃)ပါး
|
|
လောကုတ္တရာ မဂ္ဂင်(၈)ပါး
|
သမ္မာဒိဋ္ဌိ
|
သမ္မာသင်္ကပ္ပ
|
|
ပညာမဂ္ဂင်(၂)ပါး
|
သမ္မာဝါယာမ
|
သမ္မာသတိ
|
သမ္မာသမာဓိ
|
သမာဓိမဂ္ဂင်(၃)ပါး |
|
သမ္မာဝါစာ |
သမ္မာကမ္မန္တ
|
သမ္မာအာဇိဝ
|
သီလမဂ္ဂင်(၃)ပါး |
|
စိတ္တါနုပဿနာရှုပွားနည်း
|
၁။မြင်စိတ်
|
အပြင်ဧည်သည်စိတ်(၅)ခု
|
၁။လောဘစိတ် |
အတွင်းဧည်သည်စိတ်(၅)ခု |
|
၂။ကြားစိတ် |
၂။ဒေါသစိတ် |
|
၃။နံစိတ်
|
၃။မောဟစိတ်
|
|
၎။စားစိတ်
|
၎။အလောဘစိတ် |
|
၅။ယား၊ နာ၊ ကောင်းစိတ် |
၅။အဒေါသစိတ် |
|
|
|
၆။တွေးတောစိတ် |
၁။လေကိုထုတ်သောစိတ် ရှုပွားပုံရှုနည်းမှာ
|
၂၊လေကိုသွင်းသောစိတ်
|
၃။အိမ်သည်စိတ်(၂)ခု
|
အိမ်သည်စိတ်ကို(၂)ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေါ်ပေါ်၊
ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မလွတ်အောင် ရှုရမည်ဖြစ်ပါသည်။
|
|
|
ဝေဒနာနုပဿနာ ရှုပွားနည်း
စိတ်နှင့် ဝေဒနာသည် ဖြစ်အတူ ပျက်အတူသဟဇာတ တရားဖြစ်သည်။
|
အပြင် ဧည့်သည် ဝေဒနာ(၆)ခု
|
၁။ ဥပေက္ခာ ဝေဒနာသည်
၂။ ဥပေက္ခာ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
၎။ ဥပေက္ခာ ဝေဒနာသည်
၅။ သုခ ဝေဒနာသည်
၆။ ဒုက္ခ ဝေဒနာသည်
|
မျက်လုံးမှာ ပေါ်သည်။
နားမှာပေါ်သည်။
နှာခေါင်းမှာပေါ်သည်။
လျှာမှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။ |
|
အထက်ပါ ဝေဒနာများကို အပြင်ဧည့်သည် (၆)ပါးခု ဟုခေါ်သည်။ |
|
အတွင်းဧည့်သည် ဝေဒနာ(၃)ခု
|
၁။ သောမနှဿ ဝေဒနာသည်
၂။ ဒေါမနဿ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည် |
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။ |
|
အထက်ပါ ဝေဒနာများကို အတွင်းဧည့်သည် (၆)ပါးခု ဟုခေါ်သည်။ |
အိမ်သည် ဝေဒနာ (၃)ခု
၁။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်ပြေနေသောအခါ (၀င်လေ-ထွက်လေကို) သောမနဿ
ဝေဒနာနှင့် ရှူရှိုက်နေသည်။
၂။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်မပြေနေသောအခါ (၀င်လေ-ထွက်လေကို) ဒေါမနဿ
ဝေဒနာနှင့် ရှူရှိုက်နေသည်။
၃။တစ်ခါတစ်ရံ(၀င်လေ-ထွက်လေကို) သောမနာဿလည်းမဟုတ် ၊ ဒေါမနဿလည်း မဟုတ်၊ ဥပေက္ခာဝေဒနာနှင့်
အမှတ်မထင်ရှူရှိုက်နေသည်။
အထက်ပါဝေဒနာများကို အိမ်သည် ဟုခေါ်သည်။
ဝေဒနာနုပဿနာ ရှုရာ၌ ပေါ်သည် အချိန်၊ ပေါ်သည့်နေရာကို စောင့်၍ ရှုရမည်ဖြစ်သည်။ ဝေဒနာသည်
ဒွါရ (၆)ပေါက်၌ အမြဲဖြစ်သည်။ မဖြစ်သည့်အခါ မရှိ၊ ဖဿဖြစ်တိုင်းဝေဒနာဖြစ်သည်။ ဝေဒနာကို
ရှုရာ၌ နာမှ ကျင်မှ ဝေဒနာမဟုတ်ပါ၊ နာမှု ကျင်မှု မခံသာသည့် ဝေဒနာရှိသလို ၊ နာမှု ကျင်မှု
ပျောက်ကင်းပြီး ခံသာသည့် ဝေဒနာလည်းရှိသည်။ ခံသာသည်လည်း မဟုတ်၊ မခံသာသည်လည်း မဟုတ်၊ အလယ်အလတ်
အမှတ်မဲ့ ခံစားမှု ၀ဒနာမျိုးလည်းရှိသည်။ စိတ်နှင့် ဝေဒနာသည် သဟဇာတ တရားဖြစ်၍ စိတ်ဖြစ်တိုင်း
ဝေဒနာဖြစ်သည်။
ဝေဒနာသည် ပေါ်လည်း ပေါ်သည်၊ ပျက်လည်း ပျက်သည်၊ ဝေဒနာနှင့်ငါ-မရောစေနှင့် ၊ ဝေဒနာခွာ၍
အနိစ္စ မြင်အောင်ကြည့် ၊ အနိစ္စတွေ့မှ လမ်းမှန်ကျမည်။
(ဤကား အကျဉ်းချုပ်မျှသာ ဖြစ်သည်။)