ပတ္တမြားရိပ်သာ ခန္ဓာဥာဏ်ရောက် ၀ိပဿနာ အဓိဌာန်(၁၀)ရက် တရားစခန်း ဖိတ်ကြားလွှာ

ကျေးဇူးတော်ရှင် ပတ္တမြားရိပ်သာဆရာတော်ဘုရားကြီး၏ တပည့်အရင်း ဖြစ်သော ပတ္တမြားရိပ်သာ ကျောင်းတိုက်ကြီး၏ ဦးစီးနာယကပဓာနကမ္မဋ္ဌာနာစရိယကျေးဇူးတော်ရှင်
ဓမ္မကထိက ဆရာတော် ဦးသောဘိတ အရှင်မြတ်သည်ခန္ဓာဥာဏ်ရောက် ၀ိပဿနာ အလုပ်ပေးတရားတော်မြတ်ကို ဟောကြားပြသတော်မူမည်ဖြစ်ပါ၍ သပ္ပူရိယနွယ်ဝင်သူတော်စင်အပေါင်းတို့အား ဂရုဓမ္မတရားရှေ့ထား၍ ကောင်းမြတ်သောစိတ်ထားဖြင့်ဖိတ်ကြားအပ်ပါသည်။

တရားစခန်းဝင်ရန် အစီအစဉ်

  1. တရားစခန်းဝင်လိုသော ယောဂီများသည် နန်းတော်ရာရပ် ပတ္တမြားရိပ်သာ တရားစခန်း ဖြစ်မြောက်ရေးအဖွဲ့ထံတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
  2. အမျိုးသားမှတ်ပုံတင်နှင့် အိပ်ယာလိပ်ယူဆောင်၍ တရားပွဲမတိုင်မီ ညနေအရောက်လာရမည်။
  3. အဖိုးတန် ရွှေ ၊ ငွေ ၊ လက်ဝတ်တန်ဆာများ မယူခဲ့ပါရန် ကြိုတင် အသိပေးအပ်ပါသည်။
  4. တရားစခန်း ၀င်နေသော (၁၀)ရက်အတွင်း ယောဂီတစ်ဦးလျှင် ဆွမ်းဆန်တော်အတွက် န၀ကမ္မအလှူငွေ ထည့်ဝ်င်လှူဒါန်းရပါမည်။
ခရစ်နှစ်-2009
January
July
February
August
March
September
April
October
May
November
June
December